July 3rd, 2008 by admin
ပီတာအောင်/ ၃ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းဒုက္ခသည်များအား ပြန်လည်နေရာချထားပေးရန် လပွတ္တာမြို့သစ် စီမံကိန်း စတင် လျက်ရှိပြီး စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများက နေအိမ်ဆောက်လုပ်ခွင့် ကန်ထရိုက်များ ရရှိထားကြောင်း သိရသည်။
Read the rest of this entry »
Posted in News | No Comments »
July 3rd, 2008 by admin
ကိုသန်းရွှေ ဒီကလေးနှစ်ယောက်က ခင်ဗျား မြည်းနှစ်ကောင်ဖြစ်ရမှာ

Posted in general | 1 Comment »
July 3rd, 2008 by admin
ခါတော်မီ၊ ၃၊ ၇၊ ၂၀၀၈
ဇူလိုင် (၁) ရက်နေ့က ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ ကြံ့ခိုင်ဖွံဖြိုးရေးရုံးအား ဗုံးဖောက်ခွဲမှုသည် စွမ်းအားမြင့် မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့မှဖောက်ခွဲခဲ့သည်ဟု ၎င်းအဖွဲ့မှ ကြေညာချက်ထုတ်ပြန်သည်။
Read the rest of this entry »
Posted in News | 2 Comments »
July 3rd, 2008 by admin
စိုးနေလင်း
မြန်မာနိုင်ငံအကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးဘ၀၊ လူမှုရေးဘ၀၊ နိုင်ငံရေး ဘ၀တွေအကြောင်း ရေးသားထားတဲ့ သတင်းတွေ၊ ဆောင်းပါ:တွေ၊ စာအုပ်စာတမ်းတွေဖတ်ရ၊ လျှပ်တပြတ်ရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ ဗီဒီယိုကလစ်တွေ၊ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရတဲ့အခါတိုင်း ကြည်နူးပီတိဖြစ်ရ၊ ၀မ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ မရှိသလောက်ပါပဲ။
Read the rest of this entry »
Posted in Article | 3 Comments »
July 3rd, 2008 by admin
ပီတာအောင်/ ၂ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းရှိ ဆားကွင်းများ ပျက်စီးသွားသဖြင့် မုန်တိုင်းတိုက်ခတ်အပြီး (၂) လအကြာတွင် ဆားဈေးနှုန်း (၃) ဆခန့် မြင့်တက်နေပြီး ဆားလုပ်ငန်းများ နာလန်ပြန်ထူ နိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်ဟု ဆားလုပ်ငန်းရှင်တို့က ပြောကြားသည်။
Read the rest of this entry »
Posted in News | No Comments »
July 3rd, 2008 by admin
NEJ/ ၂ ဇူလိုင် ၂၀၀၈
ရန်ကုန်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို စီးနင်းခြင်းတွေ့ရှိပါက ယခု ဇူလိုင် (၁) ရက်မှစ၍ ဆိုင်ကယ်ကို နိုင်ငံပိုင်သိမ်းကာ လူကို ပုဒ်မ (၁၈၈) အရ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
Read the rest of this entry »
Posted in News | 3 Comments »
July 3rd, 2008 by admin
NEJ/ ၂ ဇူလိုင် ၂၀၀၈
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူးတပ်ရင်း (၂၀၁) တည်ရှိရာ ဝေါ်လေခီး
ဒေသအား တနင်္လာနေ့ နံနက် (၄) နာရီက ဒီကေဘီအေနှင့် နအဖ ပူးပေါင်းအဖွဲ့မှ နယ်မြေသိမ်း ပိုက်နိုင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များသည် ယမန်နေ့ည (၉) နာရီခန့်က ပြန်လည်ဆုတ်ခွာသွားသည်။
Read the rest of this entry »
Posted in News | 2 Comments »
July 2nd, 2008 by admin
http://www.yanaung.blogspot.com/ မှ
အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။
“ဟေ့လူ. နေကောင်းလား…”
Read the rest of this entry »
Posted in Joke | 8 Comments »
July 2nd, 2008 by admin
သိန်းဖေမြင့် (တိုက်ပွဲဝင်စာများမှကူယူဖော်ပြသည်)
ရေးပုံရေးနည်းများမှာ ပြောင်းလဲတိုးတက်ခဲ့သော်လည်း ၀ါလင်္ကာမှ စကားပြေ၊ သီချင်းဘွဲ့ခံမှ ပတ်ပျိုး၊ ဘောလယ်၊ ရတုမှရကန်၊ ဒွေးချိုးမှ လေးချိုး၊ တေးထပ်မှ ပြဇာတ်ဝတ္ထု စသည်ဖြင့် ရေးနည်းမှာ ပြောင်းလဲ တိုးတက်ခဲ့သော်လည်း၊ ရေးသောအကြောင်းများမှာ မပြောင်းလဲခဲ့ချေ။
Read the rest of this entry »
Posted in Reading Room | No Comments »
July 1st, 2008 by admin
NEJ/ ၁ ဇူလိုင် ၂၀၀၈
ယမန်နေ့နံနက်က စတင်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ဒီကေဘီအေ-မြန်မာစစ်တပ် ပူးတွဲအဖွဲ့ ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ပြီးဆုံးခြင်းမရှိသေးဘဲ ယနေ့ဆက်လက် ဖြစ်ပွားရာ မိုးထဲရေထဲတွင် တဖက်နှင့်တဖက် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်လျက်ရှိသည်။
Read the rest of this entry »
Posted in News | 4 Comments »
July 1st, 2008 by admin
Posted in irony | 1 Comment »
July 1st, 2008 by admin
(ဓာတ်ပုံ-ရိုက်တာ)

Posted in Photos | 2 Comments »
July 1st, 2008 by admin
(ကိုစိုးဇေယျထွန်း ဘလော့မှ ကူးယူဖော်ပြသည်) http://soezeya.blogspot.com/
လေမုန်တိုင်းသည် မျှက်လှည့်ပြလိုက်သလို မြို့ကြီးတစ်ခုလုံးကို စုတ်ပြတ်သွားအောင် နေ့ခြင်းညခြင်းမှာပင် ဖျက်ဆီးပစ်လိုက်သည်။ ထို့အတူ ကုန်ဈေးနှုန်းသည်လည်း မျက်လှည့်ပြသလို နေ့ခြင်းညခြင်းမှာပင် ခေါင်ခိုက်အောင် တက်သွားသည်။
Read the rest of this entry »
Posted in blog diary | 1 Comment »
July 1st, 2008 by admin
မိုးအောင်တင် | ဇွန် ၃၀၊ ၂၀၀၈ (irrawaddy)
စစ်အစိုးရက ဘီဘီစီ၊ ဗီအိုအေ အစရှိသည့် ပြည်ပအသံလွှင့်ဌာနများအား သတင်းအမှားများ လိမ်ညာထုတ်လွှင့်နေပြီး တိုင်းပြည်ပျက်ရန်ပြုလုပ်နေသည်ဟု စွပ်စွဲမှုများ ပြုလုပ်နေသော်လည်း ရဲတပ်ဖွဲ့ဝင်များကိုမူ ယင်း အသံလွှင့် ဌာနများကို နားထောင်ရန် ညွှန်ကြားထားကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။
Read the rest of this entry »
Posted in News | 2 Comments »
July 1st, 2008 by admin
NEJ/ ၁ ဇူလိုင် ၂၀၀၈
ယနေ့နံနက် (၆) နာရီ (၃၀) မိနစ်ခန့်တွင် အမှတ် (၆) ရပ်ကွက် ရွှေပြည်သာမြို့နယ်၊ ကြံ့ဖွံ့ရုံးတွင် ဗုံးတလုံးပေါက်ကွဲမှု ဖြစ်ပွားသည်။
Read the rest of this entry »
Posted in News | 3 Comments »
July 1st, 2008 by admin
ကိုစိုး | ဇွန် ၃၀၊ ၂၀၀၈ (irrawaddy)
မြန်မာပြည်တွင်း၌ ထုတ်ဝေနေသော ချယ်ရီမဂ္ဂဇင်း ၂၀၀၈ ခု ဇွန်လထုတ်တွင် ဖော်ပြထားသည့် ကဗျာတပုဒ်နှင့် ပတ်သက်၍ စာပေစိစစ်ရေးမူဝါဒနှင့် ငြိစွန်းသည်ဟုဆိုကာ သက်ဆိုင်ရာက မဂ္ဂဇင်းမှ အယ်ဒီတာ တဦးကို နုတ် ထွက်စေခဲ့ပြီး အယ်ဒီတာ အဖွဲ့အသစ်ပြင်ဆင်ဖွဲ့စည်းစေခဲ့ကြောင်း သိရသည်။
Read the rest of this entry »
Posted in News | 1 Comment »
July 1st, 2008 by admin
[ကြည်မောင်သန်း] (အကြောင်းကြောင်းကြောင့် ကဗျာဆရာ၏ ခွင့်ပြုချက် မရပဲ ဖော်ပြသောကြောင့် ကဗျာဆရာအား ခါတော်မီမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။)
ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
Read the rest of this entry »
Posted in Poem | 2 Comments »
July 1st, 2008 by admin
NEJ/ ၃၀ ဇွန် ၂၀၀၈
မြန်မာတနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ဇူလိုင်လ (၁) ရက်နေ့မှစပြီး တရားဝင်လိုင်စင် ပြုလုပ်ပေးတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်း ကညနရုံး (ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ညွန်ကြားမှုဦးစီးဌာန) မှ အရာရှိတဦးက ပြောသည်။
၎င်းက “နေပြည်တော်က စာဝင်ထားပြီးပြီ၊ ကျနော်တို့ ဒီနေ့ ကြေညာချက်ထုတ်မယ်။ ဇူလိုင်(၁) ရက်ကနေ အောက်တိုဘာလကုန်အထိ ကြိုက်တဲ့အချိန် လိုင်စင်ဝင်လို့ရတယ်။ အရေအတွက်လည်း ကန့်သတ်မထားဘူး” ဟု ပြောသည်။
Read the rest of this entry »
Posted in Cartoon | No Comments »
July 1st, 2008 by admin
ကျော်ထင်/ ၃၀ ဇွန် ၂၀၀၈
ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသော ပြီးခဲ့သည့် စက်တင်ဘာလှုပ်ရှားမှုအတွင်း လမ်းမ ပေါ်တွင် အစောဆုံး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ရခိုင်သံဃာတော်များနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အခြေစိုက် ရခိုင်သံဃာများ နယ်စပ်တွင်တွေ့ဆုံပြီး ဒုတိယရွှေဝါရောင်တော်လှန်ရေး အတွက် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
Read the rest of this entry »
Posted in News | No Comments »
July 1st, 2008 by admin
NEJ/ ၃၀ ဇွန် ၂၀၀၈
မဲဆောက်ဒေသအတွင်း ရောက်ရှိနေသည့် မြန်မာများအား ထိုင်းအစိုးရက (၁၀) နှစ်ခံလက်မှတ်များ ပြုလုပ်ပေးရာတွင် အကန့်အသတ်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု မဲဆောက်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးက ပြောသည်။
Read the rest of this entry »
Posted in News | No Comments »
June 28th, 2008 by admin
မိုးအောင်တင် | ဇွန် ၂၇၊ ၂၀၀၈ (irrawaddy)
မေလကုန်ခါနီးနှင့် ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သည့် မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် အနုပညာရှင်များ ခေါ်ယူစစ်မေးခြင်း ဖမ်းဆီးခြင်း ခံနေရသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သီတင်း ၂ ပတ်ကျော်၌ ပြည်တွင်း ပုဂ္ဂလိက သတင်းဂျာနယ်များတွင် အနုပညာရှင်များအား ဆက်သွယ်မေးမြန်းပြီး ယခုလိုထွက်ပေါ်ခဲ့သည့် ကောလာဟလ သတင်းများ မှန်ကန်မှုမရှိကြောင်း ရှင်းလင်းပြောဆိုချက်များအား ဖေါ်ပြထားသည်ကို တွေ့ရသည်။
Read the rest of this entry »
Posted in News | 11 Comments »
June 28th, 2008 by admin
NEJ/ ၂ ၇ ဇွန် ၂၀၀၈
ရန်ကုန်မြို့ရှိ ဂြိုဟ်တုစလောင်းများကို ကွင်းဆင်း၊ စစ်ဆေး၊ စာရင်း ကောက်ခံရန် မြန်မာ့ ဆက်သွယ်ရေးက ညွှန်ကြားထားကြောင်း သိရသည်။
Read the rest of this entry »
Posted in News | 2 Comments »
June 28th, 2008 by admin
NEJ/ ၂၇ ဇွန် ၂၀၀၈
ရန်ကုန်တိုင်းသို့ အသစ်ရောက်ရှိလာသည့် စစ်ဒေသမှူး ဗိုလ်မှူးကြီးမြင့်ဦးက ဇွန်လ (၂၅) ရက်၌ ရန်ကုန်မှ ငြိမ်းချမ်းရေးအဖွဲ့များကို ခေါ်ယူပြီး မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ကင်းကင်းရှင်းရှင်း နေကြရန် ညွှန်ကြားကြောင်း ရှမ်းပြည်အခြေစိုက် ငြိမ်းအဖွဲ့တဖွဲ့မှ အရာရှိတဦးက ပြောသည်။
Read the rest of this entry »
Posted in News | 2 Comments »
June 27th, 2008 by admin
Posted in Photos | 7 Comments »
June 27th, 2008 by admin
25 June 2008 ဦးကျော်အောင်လွင် VOA News
ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ဒုက္ခသည်စခန်းတွေကနေ တတိယနိုင်ငံကိုအခြေချဖို့ရွှေ့ ပြောင်းကြသူတွေထဲမှာ မြန်မာဒုက္ခသည်တွေက အများဆုံးပဲလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကပြောလိုက်ပါတယ်။
Read the rest of this entry »
Posted in News | 1 Comment »
June 26th, 2008 by admin
ကိုစိုး | ဇွန် ၂၆၊ ၂၀၀၈ (irrawaddy)
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်တွင် စားဝတ်နေရေး အကြပ်အတည်းကြောင့် မိသားစု ၃ ဦး သေကြောင်း ကြံစည်သွားကြကြောင်း သိရသည်။
Read the rest of this entry »
Posted in News | 3 Comments »
June 26th, 2008 by admin
NEJ/ ၂၆ ဇွန် ၂၀၀၈
ဧရာဝတီတိုင်းအတွင်း လယ်မြေများတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်ရန် နအဖက လက်တွန်း ထွန်စက်များ ချပေးသော်လည်း မလုံလောက်သည့်အတွက် အခက်တွေ့နေကြသည်။
Read the rest of this entry »
Posted in News | No Comments »
June 26th, 2008 by admin
ဇေယျ
‘ရှင်ဘုရင် လုပ်ချင်တဲ့လူ လက်ထောင်’ဟု ဆိုလျှင် မိန်းမထဲက အချို့ နောက် တွန့်သွားကြမည်ဖြစ်သော်လည်း ယောက်ျားထဲကမူကား နို့စို့ရွယ်မျှ မကျန် အားလုံးလက်ထောင်ကြမည် ဖြစ်လေသည်။ ရှင်ဘုရင်၏ တန်ခိုး အာဏာ၊ ရှင်ဘုရင်၏စည်းစိမ်၊ ရှင်ဘုရင်၏ အခမ်းအနားများကား လူတိုင်း တောင့်တ ဖွယ် ဖြစ်ပေသည်။ လောက၌ ရှင်ဘုရင် ဖြစ်ရသောသူသည် အလွန်ကုသိုလ် ထူးပေသည်။ လူတို့၏ အထွဋ်အမြတ် ဖြစ်ပေသည်။
Read the rest of this entry »
Posted in Reading Room | 7 Comments »
June 26th, 2008 by admin
မင်းသားကြီး
နံနက်မိုးသောက်လို့ အိပ်ယာက ကမန်းကတန်း ထလိုက်တယ်။ မျက်နှစ်သစ်လိုက်တယ်။ သွားတိုက်ဖို့ ခနမေ့ထားလိုက်။ ဒီနေ့ ငါ ဘာတွေများလုပ်ဖို့ရှိပါလိမ့်နော်..
Read the rest of this entry »
Posted in Reading Room | No Comments »
June 26th, 2008 by admin
ရဲဝင့်သူ
တကယ့်ကိုပြလို့လည်းမကောင်း၊ ကလို့လည်းမကောင်း
အိုးဖာသည်တယောက် ဖောက်တဲ့လမ်းတွေပေါ်
ဖြူနီပြာဝါ ခေတ်မီရောင်၊ ခေတ်မမီရောင်
ငိုသံပါနေတဲ့ ကားများ
တယောထိုးနေကြတယ်။
Read the rest of this entry »
Posted in Poem | 1 Comment »